Home အမေးအမြန်း များတာလေးတွေ font ရှိရှိမရှိရှိ သင့် ဝဗ်ဆိုက်/blog ကို ဘယ်သူမဆို ဖတ်လို့ရအောင် လုပ်ချင်ရင်-
font ရှိရှိမရှိရှိ သင့် ဝဗ်ဆိုက်/blog ကို ဘယ်သူမဆို ဖတ်လို့ရအောင် လုပ်ချင်ရင်- PDF Print E-mail

ဟုတ်ပါတယ်။ ဘယ် မြန်မာဖွန့်မှ ထည့်မထားတဲ့ စက်မှာတောင် မြန်မာ လိုဖတ်လို့ရတဲ့ နည်းပညာ ထွက်ပါပြီ။ မြန်မာ ယူနီကုဒ်ကို သုံးထားရင် လုပ်လို့ရပါတယ်။ ဇော်ဂျီ သုံးထားရင်တော့ ရမှာ မဟုတ်ပါဘူး။

Myanmar Unicode သုံးထားတဲ့ သင့် ဝဗ်ဆိုက်/blog ကို ဘယ် Myanmar font မှ မရှိတာတောင် ဖတ်လို့ ရသွား စေရပါမယ်။  ဒီဆော့ဝဲကျေးဇူးနဲ့ ဝဗ်ဆိုက်ပိုင်ရှင်တိုင်း Unicode ကို စိတ်ချလက်ချ ပြောင်းသုံးနိုင်ပါပြီ။ ကိုယ့်ဝဗ်ဆိုက်ကို အခြားလူ ဖတ်မရမှာ စိုးရိမ်စရာ မလိုတော့ပါဘူး။ ဒီစနစ်ကို တီထွင်သူ ၂ ယောက်ကို အထူးကျေးဇူး တင်ဘို့ ကောင်းပါတယ်။ ဖြစ်နိုင်ရင် သူတို့ ၂ ယောက်ဆီကို ကျေးဇူးတင်စာ ပို့ပေးလိုက်ပါ။

  • Keith Stribley -- http://www.thanlwinsoft.org
  • Wunna Ko Ko -- http://my.openoffice.org/bur/

 

လွယ်ပါတယ်။ ဒါလေး ၃ ခု လုပ်ရုံပါဘဲ။ web page တိုင်းမှာ လုပ်ရမှာဆိုတော့ WordPress, Joomla, blog တို့ သုံးရင်တော့ template မှာ တစ်ခါ ဝင်ပြင်ရုံပါဘဲ။ html page တွေဆိုရင်တော့ စာမျက်နှာတိုင်း ပြင်ဘို့ လိုပါလိမ့်မယ်။

 

  1. <head> နဲ့ </head> ကြားထဲမှာ ဒါလေး ထည့်ထားပါ။
    <!--[if IE]>
    <style>vml\: * { behavior:url(#default#VML); display:inline-block }</style>
    <xml:namespace ns="urn:schemas-microsoft-com:vml" prefix="vml" />
    <![endif]--> 
      <script type="text/javascript" src="http://mut.rit-alumni.info/styles/myDetection.js"></script> 
      <script type="text/javascript" src="http://mut.rit-alumni.info/styles/xmlRequest.js"></script>
         
  2. <body> tag ကို ဒီလို အစားထိုး ဘို့ လိုပါတယ်။
    <body onload="myUnicode.initParse('http://mut.rit-alumni.info/styles/');"> 
        
  3. invisible code လေးတစ်စုကို footer မှာဘဲဖြစ်ဖြစ် web page ရဲ့ တစ်နေရာမှာ ထည့်ထားပေးဘို့ လိုပါတယ်။
    <span class="myUniTest" id="myWidth2">ကက</span> 
    <span class="myUniTest" id="myWidth1">က္က</span> 

 


Last Updated on Monday, 11 October 2010 05:26
 
RocketTheme Joomla Templates
ကက က္က