| ဇော်ဂျီဖွန့်ကြောင့် တိုင်းရင်းသား စာတွေ ကွန်ပျူတာမှာ သုံးမရဘူး ဖြစ်နေတယ်။ ဟုတ်ပါသလား။ |
|
|
|
|
မှန်ပါတယ်။ ဇော်ဂျီ မြန်မာစာ စနစ်ဟာ ကရင်၊ မွန်၊ ရှမ်း အက္ခရာတွေ သိမ်းရမဲ့ အကန့်တွေထဲမှာ မြန်မာအက္ခရာတွေ ထည့်ထားမိတဲ့ အတွက်ကြောင့် တိုင်းရင်းသား တွေအနေနဲ့ ကွန်ပျုတာပေါ်မှာ ယူနီကုဒ် ကရင်၊ မွန်၊ ရှမ်း အက္ခရာတွေ သုံးမရ ဖြစ်နေပါတယ်။ ပိတ်ထားတာတွေ ဖယ်ပေးဘို့ ကျွန်တော်တို့ အနေနဲ့ request လုပ်ထားဖူးပါတယ်။ ယူနီကုဒ်ပြောင်းသုံးလိုက်ရင် ဒါတွေအားလုံး အဆင်ပြေသွား ပါလိမ့်မယ်။ ယူနီကုဒ် စနစ်ဟာ ကချင်။ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာ အားလုံးကို ကွန်ပျူတာပေါ်မှာ 'fully computable' လုပ်နိုင်အောင် လုပ်ထားတဲ့ စနစ်ဖြစ်ပါတယ်။ ဇော်ဂျီစနစ်ဟာ ယူနီကုဒ် အစစ်မဟုတ်ပါ။ မဟုတ်တဲ့အတွက် ဒီလို ပြဿနာတွေ တက်လိမ့်မယ်လို့ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၇ နှစ်လောက် ကတည်းက သတင်း ဂျာနယ် မီဒီယာတွေကနေ သတိပေးခဲ့ပါတယ်။ ယူနီကုဒ် မြန်မာစာစနစ်ကို Google, BBC, Wikipedia ကအစ ပြောင်း ပြီးသွားကြပါပြီ။
|









