Home အမေးအမြန်း များတာလေးတွေ Myanmar font ကို ဘယ်လို စသုံးရမလဲ။
Myanmar font ကို ဘယ်လို စသုံးရမလဲ။ PDF Print E-mail

ကွန်ပျူတာမှာ မြန်မာလို ဘယ်ကဘယ်လို စသုံးရမှာလဲ။

  1. မိမိ အသုံးပြုလိုသည့် program ကို ဖွင့်ပါ။ Microsoft Word ဖြင့် စာရိုက်လိုလျှင် Microsoft Word ကို ဖွင့်ပါ။ Microsoft Outlook Express ဖြင့် email ပို့လိုလျှင် Outlook Express ကို ဖွင့်ပါ။ ရိုက်မည့် စာလုံး ပေါ်စေလိုသော နေရာတွင် cursor ကို ထားပါ။
  2. WinUni Innwa ဖြစ်အောင် font ပြောင်းပါ။ ဆော့ဝဲ အချို့တွင် ပြောင်းစရာမလိုဘဲ အလိုအလျောက် တန်းရိုက်နိုင်ပါသည်။
  3. F9 ကို တစ်ချက် နှိပ်လိုက်ပါ။ မြန်မာစာ စရိုက်လိုလျှင် ကီးဘုတ်၏ အပေါ်ဆုံး အတန်းတွင် ရှိသော F9 ကို တစ်ချက် နှိပ်ရန်လိုပါသည်။
  4. အောက်ပုံတွင် ဖော်ပြထားသည့်အတိုင်း သင့်ဖန်သားပြင်၏ ညာဘက် အောက်ထောင့်မှ ခေါင်းလောင်းပုံလေးသည် အဝါရောင်သို့ ပြောင်းသွားပါမည်။
    မနှိပ်မီ (မီးခိုးရောင်)
    နှိပ်ပြီး (အဝါရောင်)
  5. မြန်မာစာ ရိုက်နိုင်ပါပြီ။ ခေါင်းလောင်း ပုံလေးမှာ အဝါရောင်သို့ ပြောင်းသွားပြီ ဆိုလျှင်၊ အထက်ပါ လက်ကွက်အတိုင်း မိမိ ရိုက်လိုရာ စာကို ရိုက်နိုင်ပါပြီ။
  6. မည်သည့် ခလုတ်ကို နှိပ်ရမည်ကို အလွတ်မရသေးလျှင် အောက်ပါ လက်ကွက်ချပုံ ဇယားကို ကြည့်ပါ။ print ထုတ်ပြီး ကွန်ပျူတာ အနီးတွင်ကပ်ထားပါ။
  7. အင်္ဂလိပ်စာ ရိုက်လိုလျှင် F9 ကို ပြန်နှိပ်လိုက်ပါ။ အင်္ဂလိပ်စာသို့ ပြန်ပြောင်းရန် ယခင်က ကဲ့သို့ font ပြောင်းနေရန် မလိုပါ။ F9 ကိုသာ နောက်တစ်ချက် ပြန်နှိပ်လိုက်ပါ။ ခေါင်းလောင်းသည် မီးခိုးရောင်သို့ ပြန်ပြောင်း သွားပါမည်။ ကီးဘုတ်ကို နှိပ်လိုက်လျှင် အင်္ဂလိပ်စာလုံးများ ရရှိပါလိမ့်မည်။

 

မြန်မာစာ ဘယ်လို ရိုက်ရမှာလဲ။

လက်ကွက်-၁။ အရင်လာ အရင်ရိုက်စနစ် WinInnwa5 ကို ‘လက်ကွက်-၁’ ဖြင့် ထုတ်လုပ် လိုက်ပါသည်။ လက်ကွက်-၁ ဆိုသည်မှာ ၁၉၉၂ ကတည်းက လူအများ သုံးကြသည့် ဝင်းလက်ကွက် (ယင်းကို ပုံတူကူးထားသည့် ဇော်ဂျီ လက်ကွက်) ၏ ရိုက်နည်း ရိုက်ဟန်အတိုင်း ဖြစ်ပါသည်။ ရရစ် အကြီးအသေး၊ ရကောက် ခြေထောက် အတိုအရှည်၊ စသည့် ရွေးပြီး ရိုက်ရစရာများ အားလုံးလိုလိုကို အလိုအလျောက် ပြင်ဆင်ပေးပါသည်။ အသုံးပြုရ အလွန် လွယ်ကူအဆင်ပြေသည့် စနစ်ဖြစ်ပါသည်။
  1. ‘မြန်မာ’ ဆိုသည့် စာလုံးကို ရိုက်လိုလျှင်-
    ြ + မ + န + ် = မြန်
     j +  r  + e + f
    မ + ာ = မာ
    r  + m
    ပထမဆုံး ‘ရရစ်’ကို ရိုက်ပါ။ ပြီးလျှင် ‘မ’ ကို ရိုက်ပါ။ ‘န’ ကို ရိုက်ပါ။ ‘အသတ်’ ကို ရိုက်ပါ။ ‘မြန်’ ဟု ပေါ်လာ ပါမည်။
    ဤအရင်အလာ အရင်ရိုက် စနစ်တွင် ‘သဝေထိုး’ နှင့် ‘ရရစ်’ မှ လွဲ၍ ကျန် ‘ဗျည်းတွဲ’ အက္ခရာအားလုံးကို ပင်မ အက္ခရာ နောက်မှ ရိုက်ရပါမည်။
  2. ‘မေ’ ဆိုသည့် စာလုံးကို ရိုက်လိုလျှင်-
    ေ+ မ = မေ
    a  + f
  3. ‘ကြား’ ဆိုသည့် စာလုံးကို ရိုက်လိုလျှင်-
    ြ + က + ာ + း = ကြား
    ယခင်က ကဲ့သို့ ရရစ် အကြီးအသေး ရွေးရိုက်နေစရာ မလိုတော့ပါ။ မိမိ ကြိုက်ရာ ရရစ် အက္ခရာကို ရိုက်လိုက်ပါ။ အလိုလျောက် ပြောင်းပေး ပါလိမ့်မည်။
  4. ‘ကျောင်း’ ဆိုသည့် စာလုံးကို ရိုက်လိုလျှင်-
    ေ + က + ျ + ာ + င + ် + း = ကျောင်း
  5. ‘အင်္ဂလိပ်’ ဆိုသည့် စာလုံးကို ရိုက်လိုလျှင်-
    အ + ဂ + င်္ + လ + ိ + ပ + ် = အင်္ဂလိပ်

 

ပါဠိ ပါဌ်ဆင့် စာလုံးတွေကော ဘယ်လို ရိုက်ရမှာလဲ။

ပါဌ်ဆင့် ဆင့်မည့် အက္ခရာရှေ့တွင် (ကွန်ပျူတာ ကီးဘုတ်ပေါ်တွင် ၁ ခလုတ်၏ ဘယ်ဘက်ရှိ) ` အက္ခရာလေးကို တစ်ချက် ထည့်ရိုက်ရန်သာ လိုပါသည်။ ဥပမာ-
  1. ‘သတ္တဝါ’ ဆိုသည့် စာလုံးကို ရိုက်လိုလျှင် -
    သ + တ + ` (tilde key) + တ + ဝ + ါ = သတ္တဝါ
  2. ‘ဗုဒ္ဓ’ ဆိုသည့် စာလုံးကို ရိုက်လိုလျှင် -
    ဗ + ု + ဒ + ` (tilde key) + ဓ = ဗုဒ္ဓ
  3. ‘နိဗ္ဗာန်’ ဆိုသည့် စာလုံးကို ရိုက်လိုလျှင် -
    န + ိ + ဗ + ` (tilde key) + ဗ + ာ + န + ် = နိဗ္ဗာန်

 

အခြား ရိုက်ရခက်နိုင်သည့် စာလုံးများ

သင်္ကန်း

+င်္+က+++

သင်္ကြန်

+င်္+ြ+က++

သင်္ခါ

+င်္++

သင်္ချိုင်း

+င်္+++++++

သင်္ဂြိုဟ်

+င်္+ြ+ဂ++++

စင်္ကြံ

+င်္+ြ+က+

စန္ဒြကန်

စ + ြ + န + ` (tilde key) + ဒ

ဣန္ဒြေ

` (tilde key) + shift + 4 + ေ + ြ  + န + ` (tilde key) + ဒ

အင်္ဂါ

အ+င်္+ဂ+

အင်္ကျီ

+ င်္ + က + +

သင်္ဂီ

+ င်္ + +

ပဉ္စမ

ပ + ဥ + ` (tilde key) + စ + မ

သဉ္ဇာ

သ + ဥ + ` (tilde key) + ဇ + ာ

သဉ္ဇိုး

သ + ဥ + ` (tilde key) + ဇ + ိ + ု + း

စက္ကူ

စ + က + ` (tilde key) + က + ူ

ဥက္ကဋ္ဌ

ဥ+ က+ ` (tilde key) + က + ဋ္ဌ

ဂုဏဝုဍ္ဎ

ဂ+ ု + ဏ+ ဝ + ု + ` (tilde key) + shift + 1

သင်္ဘော

+င်္+++

ခြင်္သေ့

++င်္+++

တနင်္သာရီ

တ+န+င်္+သ+ာ+ရ+ီ

တနင်္လာ

တ+န+င်္+လ+ာ

စဉ်

စ + ဥ + ်

ဦး

ဥ + ီ + း

မှို

မ+ှ+ိ+ု          (သို့မဟုတ်)      မ+ိ+ ှု

ပုဏ္ဏေးမ

ပ+ ု+ ေ+ ဏ + ` (tilde key) + ဏ +း+ မ

ကဏ္ဍ

က + shift+2

သဏ္ဌာန်

သ+ ဏ+ ` (tilde key) + ၂ + ာ + န + ်

ဘဏ္ဍာ

ဘ+ shift + 2 + ာ

 

သတိထားဘို့ အချက် တစ်ခုကတော့

  • အဆင့်မြင့် ကွန်ပျူတာစနစ်များတွင် မြန်မာစာကို အသုံးပြုနိုင်ရန် International Standard Organization ၏ စံညွှန်းများ အတိုင်း ‘ဝ (ဝ အက္ခရာ)’ နှင့် ‘၀ (သုည)’ ကို ပုံစံ ခွဲခြား ထုတ်လုပ် လိုက်ရပါသည်။ သုည အက္ခရာတွင် ‘မျဉ်းပြတ်’လေး ပါသည်ကို သတိထားမိ ပါလိမ့်မည်။ ထို့ကြောင့် ယခုမှ စ၍ ‘ဝ (ဝ အက္ခရာ)’ နှင့် ‘၀ (သုည)’ ကို သီးခြားစီ ရိုက်ရ ပါမည်။
  • ‘ဝ (ဝ အက္ခရာ)’ ကို ရရန် W (shift+W) နေရာတွင် ရိုက်ရပါမည်။
  • ‘၀ (ဂဏန်း သုည)’ ကို ရရန် အင်္ဂလိပ် ဂဏန်း zero ခလုတ်ကို ရိုက်ရပါမည်။

 

ဝင်း မြန်မာစာ စနစ်ကို download ရယူလိုလျှင်-

  1. အင်တာနက်ကို သုံး၍ http://winmyanmar.myanmars.net/ ကို သွားပါ။
  2. Download ဆိုသည့် စာမျက်နှာသို့ သွားပါ။
  3. မိမိ email လိပ်စာကို ရိုက်ထည့်ပြီး download button ကို ကလစ် လုပ်ပါ။ ချက်ချင်း save လုပ်ပြီး ရယူနိုင်သလို၊ သင့်ထံသို့ email ဖြင့် download links များကို ချက်ချင်း ပေးပို့ ပါမည်။

 

Unicode အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

  • Myanmar Unicode Standard သည် ယခု လောလောဆယ်တွင် ကွန်ပျူတာပေါ်၌ "computable" လုပ်နိုင်သည့် တစ်ခုတည်းသော မြန်မာစာ စံစနစ် ဖြစ်ခြင်း။
  • Microsoft, Apple, IBM, ISO (International Standard Organization) စသည့် အဖွဲ့အစည်းကြီးများက အတည်ပြု ဘုံသုံမည့် စနစ် ဖြစ်ခြင်း။
  • မြန်မာနိုင်ငံ အစိုးရ အဖွဲ့အစည်းများ အားလုံးတွင် တရားဝင် စံသုံး အသုံးပြုသည့် စနစ် ဖြစ်ခြင်း။
  • ရရစ် ၆ မျိုး မကွဲတော့ဘဲ၊ ရရစ် အကြီးအသေး အလိုအလျောက် ရရှိစေခြင်း။
  • ျ ၊ ြ ၊ ွ ၊ ှ (Simi-vowels) ဗျည်းတွဲများနှင့် ု ၊ ူ ၊ ာ နှင့် ါ သရ (vowels) တစ်မျိုးစီသာထားရှိခြင်းကြောင့် မှတ်ရလွယ်ခြင်း၊ အသုံးပြုရ လွယ်ကူခြင်း။
  • ဝ နှင့် ၀ ကွဲပြားပါရှိခြင်းကြောင့် အသုံးမှားခြင်းကို ပြင်ဆင်နိုင်ခြင်း။
  • စ နှင့် ဈ၊ ဥ နှင့် ဉ တို့ကို သီးခြားစီ သုံးရခြင်းကြောင့် စာလုံးပေါင်း(သတ်ပုံ) အမှားများ နည်းပါးစေခြင်း။
  • dotted circle ခေါ် ‘ဝ’ သဏ္ဍာန် မျဉ်းပြတ် အဝိုင်းလေးကြောင့် စာရိုက်နှိပ်ရာတွင် မှားရိုက်ခြင်းများကို ပြသနိုင်ခြင်း။
  • သိန်းသန်း ချီသော အမည်များကို ချက်ချင်း အက္ခရာ စီနိုင်ခြင်း။ ရှာဖွေနိုင်ခြင်း။
  • database များတွင် တိတိကျကျ ရှာဖွေ နိုင်ခြင်း။
  • စာလုံးပေါင်း(သတ်ပုံ) နှင့် စာစီစနစ်ကို မြန်မာစာ အဖွဲ့ ဦးစီးဌာန၏ စံမူအတိုင်း ဖြစ်ခြင်းကြောင့် များစွာသော အထောက်အကူပြုပေးခြင်း။
    စသည့် စသည့် ….. ထူးခြား သာလွန်သည့် အချက်များစွာကို အသုံးပြုရင်း တွေ့ရှိလာပါ လိမ့်မည်။

 

WinInnwa5 (free version) တွင်

  1. WinUni Innwa font စာလုံးပုံစံ တစ်ခု နှင့်
  2. ‘လက်ကွက်-၁’ တစ်ခု တည်းကိုသာ ထည့်သွင်း ထားပါသည်။
 

WinMyanmar5 (full version) တွင်

  1. စိတ်ကြိုက် အသုံးပြုနိုင်ရန် စာလုံးပုံစံ font အမျိုး ၁၀၀ ပါရှိပါသည်။
  2. အောက်ပါ လက်ကွက် ၃ ခုလုံး ပါရှိပါသည်။ ကြိုက်ရာကို ရွေးချယ် ထည့်သွင်း အသုံးပြုနိုင် ပါသည်။
    1. လက်ကွက်-၁။ အရင်လာ အရင်ရိုက်ရသည့် ဝင်း/ဇော်ဂျီ လက်ကွက်
    2. လက်ကွက်-၂။ လက်ရေးရေးနည်း အစီအစဉ်အတိုင်း ရိုက်ရသည့် ဝင်း/ဇော်ဂျီ လက်ကွက်
    3. လက်ကွက်-၃။ လက်ရေးရေးနည်း အစီအစဉ်အတိုင်း ရိုက်ရသည့် ယူနီကုဒ် လက်ကွက်
 

ဝင်း မြန်မာစာ ဆော့ဝဲ ထုတ်လုပ်မှု သမိုင်း

  1. Version 1: ၁၃-၃-၁၉၉၂ (for Windows 3.x) with 1 font
  2. Version 2: ဇူလိုင် ၁၉၉၂ (for Windows 3.x) with 2 fonts
  3. Version 3: ဒီဇင်ဘာ ၁၉၉၃ (for Windows 3.x) with 36 fonts
  4. Version 4: ဇန်နဝါရီ ၂၀၀၅ (for Windows ME, Windows XP, Windows 2000) with 86 fonts
  5. Version 5: စက်တင်ဘာ ၂၀၀၉ (for Windows XP)
  6. Version 5.3: စက်တင်ဘာ ၂၀၁၀ (for Windows XP, Windows Vista, Windows 7)
 

သင့်နဲ့ ကျွန်တော်/ကျွန်မတို့က မိတ်ဆွေ ဖြစ်ချင်ပါတယ်။

မိတ်ဆွေ Facebook သုံးလား။ Facebook သုံးတယ်ဆိုရင် add friend လုပ်ရအောင်။
ဒီလင့်ခ်ကို ကလစ်လုပ် လိုက်ပါ။ http://facebook.com/myanmarsnet/  
 

အသုံးဝင်သည့် ဝဗ်ဆိုက်အချို့

 

အကူအညီ လိုအပ်လျှင် ဆက်သွယ်ပါ။

အဆင်မပြေသည်များ အခက်အခဲများ ရှိလျှင် ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့ ဝဗ်ဆိုက်ကို ဖွင့်ကြည့် စေလိုပါသည်။ အမေးအမြန်း များသည့် မေးခွန်းများကို ကြိုတင် ဖြေထားပေး ပါသည်။ ယင်း ဝဗ်ဆိုက်မှ တစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ် မေးမြန်း နိုင်ပါသည်။ ဝင်းမြန်မာစာ စနစ်ကို အသုံးပြုသည့်အတွက် ကျေးဇူး တင်ပါသည်။
Last Updated on Monday, 15 November 2010 21:52
 
RocketTheme Joomla Templates
ကက က္က