We have 6 guests online
Home
Download Myanmar Unicode font PDF Print E-mail

Win Innwa 5 is FREE.
Get download link by sending an email to
This e-mail address is being protected from spambots. You need JavaScript enabled to view it Your download
link will be sent back to you immediately.

မင်္ဂလာပါ။ ဝင်းမြန်မာစာ စနစ် ဝဗ်ဆိုက်မှ ကြိုဆိုပါတယ်။

  • ဝင်းမြန်မာစာ စနစ်ဟာ သက်တမ်း ၁၇ နှစ်ရှိပြီး stable ဖြစ်တဲ့၊ လက်တွေ့ လူအများသုံးတဲ့ ကွန်ပျူတာသုံး မြန်မာစာ စနစ် ဖြစ်ပါတယ်။ မြန်မာ ကွန်ပျူတာ သမိုင်းမှာ ‘အသုံးပြုသူ အများဆုံး ပြည်တွင်းဖြစ် software’ (made-in-Myanmar software with the largest user base) ဖြစ်ပါတယ်။ မြန်မာနိုင်ငံ intellectual property သမိုင်းမှာ ‘တရားမဝင် အကူးယူခံရဆုံး ပြည်တွင်းဖြစ် software’ (most pirated Myanmar- made software) လည်း ဖြစ်လာခဲ့ပါတယ်။ ကုသိုလ် တွေလည်း အများကြီး ရခဲ့ပါတယ်။  နေ့စဉ် မြန်မာ သတင်းစာများ၊ ပြည်တွင်းထုတ် ဂျာနယ်များ အားလုံး နီးပါး ၉၇% ခန့်ဟာ ဝင်းမြန်မာစာ စနစ်တွေကို သုံးပြီး ယခုလက်ရှိ ပုံနှိပ်လျက် ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ စာ သတင်းတွေ data တွေဟာ Win Myanmar standard encoding format နဲ့ ရှိနေပါတယ်။ 
  • ၁၉၉၄ ခုနှစ်က စပြီး မြန်မာနိုင်ငံရှိ အစိုးရဌာနများအားလုံး၊ ဘာသာရေး (မည်သည့် ဘာသာမဆို)၊ လူမှုရေး အဖွဲ့အစည်းများ အားလုံးကို MCC (Myanma Computer Company) နဲ့အတူ သိန်းပေါင်းများစွာဘိုး လူဒါန်းခဲ့/လျက် ရှိပါတယ်။ မြန်မာနိုင်ငံ သာသနာ့ တက္ကသိုလ်ဆိုရင် ‘ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ pirated software သုံးတာ အာပတ်သင့်တယ်’ ဆိုတာ နိုင်ငံခြား ဗုဒ္ဓဘာသာ ဘုန်းကြီးတွေက သတိပေးရှင်းပြလို့ သိလာပြီးနောက်ပိုင်း၊ ကျွန်တော်တို့ဆီ တာဝန်ရှိသူတွေ ကိုယ်တိုင် ရောက်လာခဲ့ပါတယ်။ ကျွန်တော်တို့ဆီက ‘ဆရာတော်တွေ စိတ်ချလက်ချ သုံးပါ။ ကျွန်တော်တို့ ဘာသာရေး အဖွဲ့အစည်း အားလုံးကို လှူထားပါတယ်။’ ဆိုတာ ပြောရုံနဲ့ မလုံလောက်လို့ စာနဲ့ပေနဲ့ တရားဝင် လှူဒါန်းပါကြောင်း ကျွန်တော်ကိုယ်တိုင် လက်မှတ်ထိုးပြီး စာထုတ်ပေးခဲ့ ရပါတယ်။
  • ဒီဆော့ဝဲရဲ့ ripple effect ရိုက်မှုကြောင့် ကျွန်တော်တို့နဲ့ တစ်ရုံးထဲ အတူအလုပ်လုပ်ခဲ့ဖူးတဲ့ ပုံနှိပ်တိုက်တွေက ခဲစာလုံးစီတဲ့ အလုပ်သမားတွေ ရာနဲ့ချီပြီး အလုပ်ပြုတ်ခဲ့ရတဲ့အတွက် ကြုံကြိုက်တုန်း တောင်းပန်ပါတယ်။ ဒီဆော့ဝဲကြောင့် နိုင်ငံအဝှမ်း ထောင်နဲ့ချီပြီး DTP ဝန်ထမ်း အသစ်တွေ အလုပ်ရကြတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ကွန်ပျူတာသုံး မြန်မာစာစနစ် မပေါ်ခင်တုန်းကဆိုရင်- မြန်မာနိုင်ငံရဲ့ သတင်း/ဂျာနယ် မီဒီယာလုပ်ငန်းတွေဟာ အယ်ဒီတာတွေ၊ စာပေစီစစ်ရေးတွေက အတည်ပြုပြီးတာတောင် ခဲစာလုံးစီဘို့ စာချောရဘို့ တစ်ပတ်လောက် ကြာလေ့ရှိတဲ့အတွက်၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အပတ်စဉ်ထုတ် ဂျာနယ် ထုတ်ဘို့ဆိုတာ စိတ်ကူးဘဲယဉ်နိုင် ခဲ့ပါတယ်။

Myanmar font တစ်ခု ဖြစ်ဘို့ မျဉ်းအကွေး အကောက်ပေါင်း ၁၀၀၀ ကျော် ရေးဆွဲရပါတယ်။ လှတဲ့ font တွေများလို့ လူကြိုက်ကြသလို၊ မလှတဲ့ font တွေလည်း အများကြီး ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အနုစိတ် ဆွဲခဲ့တဲ့ပန်းချီ (သို့) မျဉ်းအကွေး အကောက်လေးတွေ၊ ကျွန်တော်တို့ရဲ့ keyboard driver ဆော့ဝဲတွေဟာ ကျွန်တော်တို့ရဲ့ copyrightable artwork ‘product’ လေးတွေ ဖြစ်ပါတယ်။ ဘယ်နေရာမှာ သုံးထားထား၊ ဒါဟာ Win Font သုံးထားတာ ဟုတ်မဟုတ်နဲ့၊ ဘယ် font သုံးထားတယ် ဆိုတာ ကျွမ်းကျင်သူတွေက ခွဲခြားလို့ ရပါတယ်။

ကျွန်တော်တို့ရဲ့ product တွေကို စာရိုက်၊ ပုံနှိပ်ပြီး ပွားလိုက်ကြတဲ့ အခါမှာ- အခုဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အိမ်ပေါင်း သန်းပေါင်း များစွာမှာ၊ ကျွန်တော်တို့ရဲ့product တွေကို ပုံနှိပ်ထားတဲ့ စာ (သတင်းစာ၊ ဂျာနယ်၊ လိုင်စင်၊ passport/ မှတ်ပုံတင် စသဖြင့်) အနည်းဆုံး တစ်ရွက်တော့ ရှိတဲ့ခေတ်ကို ရောက်ရှိခဲ့ပါပြီ။ TV နဲ့ ရုပ်ရှင်ကားပေါင်း မြောက်များစွာမှအစ၊ သူငယ်တန်း ဖတ်စာ စာအုပ်ကနေ မဟာဝိဇ္ဇာ သိပ္ပံတန်း thesis တွေ၊ အစိုးရ အမိန့်ပြန်တမ်းတွေ၊ ပိဋကတ်-၃ပုံအထိ ကျွန်တော်တို့ရဲ့ မျဉ်းအကွေး အကောက် လေးတွေဟာ စာလုံးပုံစံမျိုးစုံနဲ့ အများအကျိုး၊ သာသနာအကျိုး ပြုလျက် ရှိနေပါတယ်။

မြန်မာ တစ်နိုင်ငံလုံး တစ်မျိုးသားလုံး ကျွန်တော်တို့ရဲ့ product တွေနဲ့ မထိတွေ့ဘူးသူ မရှိသလောက်ဖြစ်တဲ့ ခေတ် ကို ရောက်ရှိခဲ့ပါပြီ။

'Win Myanmar Systems ကို အသုံးပြုသူတိုင်း
win ဖြစ်ကြပါစေ။ အောင်မြင်ကြပါစေ။

လေးစားစွာဖြင့်၊

ထုတ်လုပ်သူ နှင့် ဝင်းမြန်မာစာ စနစ် developer team

ACKNOWLEDGEMENT

ကျွေးမွေးပညာသင် စောင့်လျောက်ပေးခဲ့တဲ့ မိဘနှစ်ပါးနှင့် ပါဝင်ကူညီသူအားလုံး၊
ဆော့ဝဲ အသုံးပြုသူ အားလုံးကို အထူး ကျေးဇူး တင်ရှိပါသည်။

Producer / Architect: U Zaw Htut
Program Manager: U Thant Zin Oo
Development Manager: U Aung Zeya
Font Design and Development: U Zaw Htut, U Than Tun Oo, U Aung Zeya, U Thantzin Oo, U Han Zaw Min
Documentation, Testing and Debugging: Daw Su Mon Sein, Daw Sandar Thein, Daw Khine Swe Thein, Daw Aye Thinzar,
Daw Kyarnogn Khin, U Zarni Win Lwin, Daw Wah Wah Myint, U Nay Okkar, Daw Kyu Kyu Mar, U Maung Maung Myint Win, U Zaw Win Htun Win, U Myo Win Htun, U Naing Myo Aung, U Thet Kyaw Lynn, Daw Hnin Ei Khin
Contributors: U Aye Lwin (former Director General, ASEAN Dept, MoFA), Dr. Tun Thin (
PhD, Harvard), (former professor UN University)

Last Updated on Saturday, 14 November 2009 17:12
 

Comments 

 
0 #208 salaimin 2010-02-09 07:31
Quote
 
 
0 #207 lime 2010-02-09 06:35
can u send me burmese font?
Quote
 
 
0 #206 lime 2010-02-09 06:34
ooo
Quote
 
 
+2 #205 khupTuang 2010-02-07 18:25
Quote
 
 
-1 #204 venpunna 2010-02-07 12:19
this is Good
Quote
 
 
0 #203 kimno 2010-02-07 03:34
Quote
 
 
0 #202 klimno 2010-02-07 03:17
please join use
Quote
 
 
0 #201 amazing 2010-02-06 11:52
Dear all,good evening.I don't know where to begin,....
Quote
 
 
0 #200 aung 2010-02-04 08:37
Quote
 
 
0 #199 shwewat 2010-02-04 06:27
Quote
 
 
0 #198 shwewat 2010-02-04 06:25
Quote
 
 
+2 #197 winmyanmar 2010-02-02 12:08
Quoting nawsabeloo:
can u sent for me myanmar fort


Yes, pls send an email to download @ myanmars.net
Quote
 
 
0 #196 nawsabeloo 2010-02-02 06:06
can u sent for me myanmar fort
Quote
 
 
0 #195 nawsabeloo 2010-02-02 06:05
hello

i need your help
Quote
 

Add comment


Security code
Refresh

RocketTheme Joomla Templates