| Win Myanmar 4 (Build 4.80), 2005 |
|
|
|
.
ဝင်းမြန်မာစာစနစ် အမှတ်-၄ (Win Myanmar Systems, Version 4, Build 4.80) အား MICT Park ၏ နှစ်ပတ်လည် ၂၀၀၅ ခုနှစ် နှစ်ဆန်းတွင် စတင် ထုတ်လုပ် ဖြန့်ဖြူးခဲ့ပါသည်။ Version 3 ထုတ်လုပ်ပြီး ၁၀ နှစ်ကျော်ကြာမှ ထပ်မံ ထုတ်လုပ် လိုက်သော version ဖြစ်ပြီး၊ လူအများ တောင့်တလျက်ရှိခြင်း၊ Microsoft Word နှင့် Microsoft Excel menu များကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနှင့် မြင်နိုင်အောင် ပြုလုပ်ထားခြင်း တို့ကြောင့် အတော် လူကြိုက်များသည့် software ဖြစ်ခဲ့ပါသည်။ ဝင်းမြန်မာစာ စနစ် Version 4.80 သည် off-the-shelf software အဖြစ် နိုင်ငံအနှံ့ စီဒီဆိုင်များ၊ စာအုပ်ဆိုင်များ၊ CityMart departmental store များတွင် ၂၀၀၅ ခုနှစ်မှ ယခုထက်ထိ ဝယ်ယူအသုံးပြုသူများ ရှိနေဆဲ ဖြစ်ပါသည်။ ရောင်းဈေးမှာ ကျပ် ၃၀၀၀ တိတိ ဖြစ်ပါသည်။
|
|||
| Last Updated on Saturday, 07 November 2009 07:41 |

Win Myanmar 4.80 (2005)


. 






