| Typing Method: အရင်လာ-အရင်ရိုက်နည်း |
|
|
|
|
အရင်လာ၊ အရင်ရိုက်နည်းဆိုတာကတော့ ဆရာကြီး John Okel ရဲ့ developer တွေ Mac ပေါ်မှာ စထွင်ခဲ့တဲ့ စနစ်ပါ။ ဒါကိုနောက်ပိုင်း ဝင်း မြန်မာစာ စနစ်တွေ (Win Typewriter ကလွဲပြီး) အားလုံးမှာ ဒီစနစ်သုံးပြီး လူအများ မြန်မာစာကို ရိုက်နှိပ် အသုံးပြုခဲ့ကြပါတယ်။ ဒုတိယမျိုးဆက် မြန်မာစာစနစ် စပေါ်ကတည်းက စသုံးတာဖြစ်တဲ့အတွက် နှစ်ပေါင်း ၂၀ကျော် လူအများ သုံးစွဲလာတဲ့ မြန်မာစာရိုက်နည်း ဖြစ်ပါတယ်။ တတိယ မျိုးဆက် မြန်မာစာစနစ်တွေမှာ ဒီနည်းအတိုင်း ရိုက်လို့ရအောင် တီထွင် ထုတ်လုပ်လိုက်ပါပြီ။
အခက်အခဲရှိရင် ဒီမှာ မေးမြန်းနိုင်ပါတယ်။ ဥပမာ- ေ + မ = မေ
ြ + မ + န + ် + မ + ာ = မြန်မာ
auto-correct function ထည့်သွင်းထားပါသည်။ စျ (စလုံးယပင့်) မှာ အမြှီးချွန်ပြီး၊ ဈ (စမျည်းဆွဲ အက္ခရာ) မှာ အမြှီးဝိုင်းပါသည်။
ဥ (အက္ခရာ-ဥ) နှင့် ဉ (ညလေးအက္ခရာ) မှာ ခြေထောက် အနည်းငယ်ပိုရှည်ပါသည်။ ခြေထောက် အနည်းငယ် ပိုရှည်သော ‘ညလေးအက္ခရာ’ အလိုအလျောက် ပြောင်းသွားမည်။ စ + ဥ + ် = စဉ်
‘ညခြေထောက်တို’ အလိုလျောက်ပြောင်းသွားမည်။ ည + ီ + ည + ွ + တ + ် = ညီညွတ်
ကင်းစီးအက္ခရာ- ယခင် ဝင်းမြန်မာ စာရိုက်နည်းနှင့် အနည်းငယ် ကွာတာလေးတွေ ရှိပါသည်။ တ + န + င်္ + လ + ာ = တနင်္လာ
မှတ်ချက်။ tilde key ဆိုသည်မှာ ဂဏာန်းအက္ခရာ 1 ရဲ့ ဘေးမှာ အများအားဖြင့်ရှိတဲ့ ~ ခလုတ် ဖြစ်ပါတယ်။
ပါဌ်ဆင့် အက္ခရာများ ရိုက်လိုလျှင်-
ရိုက်ရတာ အရမ်းလွယ်တဲ့ မြန်မာစာ စနစ်ဖြစ်တယ်။ ရစ် အကြီးရိုက်ရိုက်၊ အသေးရိုက်ရိုက် အလိုလျောက်ထွက်တယ်။ စ်ချောင်းငင်တို့၊ နငယ်တို့ကို အတိုရိုက်ရိုက် အရှည်ရိုက်ရိုက် အော်တိုမတ်တစ်ဘဲ။ ဒါကို ယူနီကုဒ် အစစ်လို့ခေါ်တယ်။ အရင် ‘ဝင်း’ မြန်မာစာစနစ် (ဝင်း လက်ကွက်နဲ့ ရိုက်နည်းကို ပုံတူ ကူးထားတဲ့ ဇော်ဂျီ စနစ်) နဲ့ ရိုက်နေကျတဲ့သူတွေ အားလုံးအတွက် အထူး အဆင်ပြေတယ်။ အများသုံးတဲ့ ဝင်းမြန်မာစာစနစ်အတိုင်းဘဲ ရိုက်ရတယ်။ ယူနီကုဒ်ရမယ်။
|
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Last Updated on Sunday, 03 October 2010 00:58 |









