Call us 24/7:

09 449 300 900

Call us 24/7:

09 449 300 900

၁၉၉၈ ခုနှစ်ကတည်းက

လုပ်ငန်းတွေ ပိုမိုအောင်မြင်ဖို့ ကူညီပေးနေတဲ့ မြန်မာနက်ရဲ့ နည်းပညာဝန်ဆောင်မှုများ

မြန်မာနက် (Myanmar Net) ရဲ့ ကျွမ်းကျင်သော IT ပညာရှင်များမှ နိုင်ငံပေါင်း ၂၀ ကျော်ရှိ လုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် အရည်အသွေးမြင့် ဝက်ဘ်ဆိုဒ်တည်ဆောက်ခြင်း (Web Development) နှင့် Hosting ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါတယ်။ Google ရဲ့ စံချိန်စံညွှန်းများနှင့်အညီ Google Workspace Solutions များ Google Ads (ဂူဂယ်ကြော်ငြာ) နှင့် ထိရောက်သော SEO, SEA အပါအဝင် ဒီဂျစ်တယ်မားကတ်တင်း (Digital Marketing) ကဏ္ဍစုံကိုလည်း စနစ်တကျ ဆောင်ရွက်ပေးနေပါတယ်။ ပရော်ဖက်ရှင်နယ် ဒိုမိန်းမှတ်ပုံတင်ခြင်း၊ လုပ်ငန်းသုံး Application များ ဖန်တီးပေးခြင်းတို့အပြင် လုပ်ငန်းခွင်ကို ပိုမိုမြန်ဆန် ထိရောက်စေဖို့ ကိုယ်ပိုင်လုပ်ငန်းသုံး AI Assistant (Custom AI Assistant Solutions) များကိုပါ ဆောင်ရွက်ပေးနေသော ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

fly
slider11
fly
မြန်မာနက်

ဘာတွေလုပ်သလဲ

Web & App Development မှသည် လုပ်ငန်းသုံး AI စနစ်များ၊ Online Shopping နှင့် e-Gov Solution များအပြင် သင့်လုပ်ငန်းကို လူသိများလာစေမည့် Online/Offline Advertising နှင့် Digital Media ကို ကျွမ်းကျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့်အပြင် ဂူဂယ်ရဲ့ တရားဝင် ပါတနာ (Official Google Partner) အနေဖြင့် Google Workspace Solutions များ ကိုလည်း ဝန်ဆောင်မှုပေးပါတယ်
ဝက်ဘ်ဆိုက်နှင့် ဒစ်ဂျစ်တယ် နည်းပညာ ဝန်ဆောင်မှု

Web Development & Digital Solutions

မြန်မာနက်ရဲ့ (၂၈) နှစ်တာအတွင်း Travel, Hotels, Airlines နှင့် Export-import and trading စသော ကဏ္ဍအများအပြားအတွက် အောင်မြင်သော ဝက်ဘ်ဆိုက်ပေါင်းများစွာကို တည်ဆောက်ပေးခဲ့ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်များ သန်းနှင့်ချီသော ငွေကြေးစီးဆင်းမှုများကိုလက်ခံနိုင်ဖို့အတွက် Payment Solutions များကို တည်ဆောက်ပေးခဲ့သည်မှာလည်း မြန်မာနက်ရဲ့ နည်းပညာသက်သေပါ။ Web၊ Mobile App နှင့် E-Gov စနစ်များအပြင် AI Future Technology နဲ့ မြန်မာစာ စနစ်သုံး ဝင်းမြန်မာ Software ဝန်ဆောင်မှုများကိုလည်းပံ့ပိုးပေးပါတယ်။ သင့်လုပ်ငန်းရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု အတွက် ခိုင်မာကျွမ်းကျင်တဲ့ နည်းပညာရှင်များအဖြစ် မြန်မာနက်က အမြဲ ရှိနေပါတယ်

Web Development (ဝက်ဘ်ဆိုဒ် တည်ဆောက်ပေးခြင်း)

နယ်ပယ်အသီးသီးက လုပ်ငန်းတွေ အဖွဲ့အစည်းတွေအတွက် အသုံးဝင်ပြီး Pro ဆန်တဲ့ website တွေကို တည်ဆောက်ပေးခြင်း

Domain Sales/Trade (ဒိုမိန်းမှတ်ပုံတင်ပေးခြင်း)

သင့်လုပ်ငန်းအတွက် တန်ဖိုးရှိသော နိုင်ငံတကာ အဆင့်မီ Domain နာမည်ကောင်းများကို ရွေးချယ်ဝယ်ယူ မှတ်ပုံတင်ပေးခြင်း

E-commerce online shopping (အွန်လိုင်းဈေးဆိုင်)

ရောင်းအားကို အဆပေါင်းများစွာ တိုးတက်စေမည့် ခေတ်မီ E-commerce ဝက်ဘ်ဆိုက်များကို ဖန်တီးပေးခြင်း

AI & Feature Technology (ကိုယ်ပိုင်လုပ်ငန်းသုံး အေအိုင်)

သင့်လုပ်ငန်းအကြောင်း သင်ထားပေးသမျှ လူလိုပြန်ဖြေပေးမယ့် လုပ်ငန်းသုံး ကိုယ်ပိုင် အေအိုင်များ တည်ဆောက်ပေးခြင်း

Hotel Booking System (ဟိုတယ်ဘွတ်ကင်စနစ်)

အခန်းရောင်းရငွေပေါ်ကနေ များပြားလှစွာသော % ကော်မရှင်ခတွေ ပေးစရာမလိုတဲ့ Hotel Reservation စနစ်

MMPay E-Invoice (အီလက်ထရောနစ် ငွေတောင်းခံစနစ်)

ငွေတောင်းခံလွှာ Online Invoice များကိုပို့နိုင်ပြီး ငွေလက်ခံနိုင်တဲ့ လုပ်ငန်းသုံး E-Invoice စနစ်

Myanmar Language Software (ဝင်းမြန်မာ)

၁၉၉၂ ရက်နေ့တွင် Windows သုံး IBM pc များအတွက် ပထမဆုံး ပေါ်ပေါက်ခဲ့သည့် ဝင်း မြန်မာစာလုံး စနစ်

ဒီဂျစ်တယ် မားကတ်တင်း နှင့် Cloud ဝန်ဆောင်မှုများ

Digital Marketing & Cloud Services

ဂူဂယ်ရဲ့တရားဝင် Official Google Partner အနေဖြင့် သင့်လုပ်ငန်းတွေကို ဒီဂျစ်တယ်စျေးကွက်မှ အကျိုးအမြတ်ရနိုင်ဖို့ Search Engine Optimization (SEO)၊ Search Engine Advertising (SEA) or Search Engine Marketing (SEM) နှင့် Online/Offline Advertising ဝန်ဆောင်မှုများကို ထိရောက်စွာ ပံ့ပိုးပေးနေပါသည်။ လုပ်ငန်းခွင်အတွင်း ချိတ်ဆက်မှု အားကောင်းစေမည့် ဂူဂယ်ရဲ့Business Email & Collaboration စနစ်များနှင့် ခေတ်မီ Cloud Services များကိုလည်း စနစ်တကျ တည်ဆောက်ပေးလျက်ရှိပါတယ်။ 

Google Workspace Solutions

Google ရဲ့ နည်းပညာပိုင်းဆိုင်ရာ အသိအမှတ်ပြုပညာရှင်များမှ Google Workspace အတွက်ဝန်ဆောင်မှုပေးခြင်း

Google Ads Services

Google Search တစ်ခုတည်းတင်မက YouTube၊ Gmail နဲ့ နာမည်ကြီး Website တွေမှာ ကြော်ငြာဝန်ဆောင်မှုများပေးခြင်း

Facebook Ads Services

မြန်မာနိုင်ငံရဲ့ လူသုံးအများဆုံး Social Media မှာ Brand Awareness နဲ့ အရောင်းမြှင့်တင်ရေးအတွက် ကြော်ငြာဝန်ဆောင်မှုပေးခြင်း

Advertising Myanmar (Online & Offline Media)

မြန်မာနိုင်ငံရှိ မီဒီယာကြော်ငြာကဏ္ဍ အားလုံးအတွက် ကြော်ငြာနေရာ (Ad-space) များကို စိတ်ကြိုက်ဝယ်ယူ မှာယူနိုင်ခြင်း

အခြားဟာနဲ့ ဘာကွာလဲ

မြန်မာနက်က အခြား Myanmar Web Design Agency တွေနဲ့ ဘာကွာလဲ

ဒီဇိုင်း၊ ဖန်တီးမှု (Development) ဒါမှမဟုတ် SEO တစ်ခုတည်းကိုပဲ သီးသန့်အာရုံစိုက်တဲ့ အေဂျင်စီတွေနဲ့ မတူတာကတော့ မြန်မာနက်ဟာ တိုးတက်လာနေတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအတွက် အထူးရည်ရွယ်ပြီး ပြည့်စုံတဲ့ WordPress နဲ့ SEO, SEA ဝန်ဆောင်မှုတွေကို ပေးအပ်တာပဲ ဖြစ်ပါတယ်။

ဆိုလိုတာကတော့ မြန်မာနက်ဟာ သေသပ်လှပ၊ မြန်ဆန်ပြီး လုံခြုံစိတ်ချရတဲ့ Website တွေကို တည်ဆောက်ပေးရုံသာမကဘဲ… အဲဒီ Website တွေဟာ စတင်အသုံးပြုတဲ့ နေ့ကတည်းက လူသိများဖို့၊ ဝင်ရောက်ကြည့်ရှုသူ များပြားဖို့၊ အလုပ်ဖြစ်ဖို့နဲ့ အရောင်းအဝယ် ဖြစ်ထွန်းဖို့ အတွက်ပါ စေတနာထားပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။

1
ဝန်ဆောင်မှု့ပေးခဲ့သည့် လုပ်ငန်းပေါင်း
1
အလုပ်အပ်သည့် နိုင်ငံပေါင်း
1
+
ဝန်ဆောင်မှု့ပေးခဲ့သည် ဒိုမိန်းနှင့် ဝဘ်ဆိုဒ်
1
ခုနှစ်ကတည်းက

မြန်မာနက်ရဲ့ မိတ်ဖက်လုပ်ငန်း အချို့

မြန်မာနက်နှင့် အတူ

နည်းပညာနှင့် မီဒီယာပိုင်းဆိုင်ရာများတွက် ဆက်သွယ်ရန်

ဝဘ်ဆိုဒ်ဆောက်ဖို့မှသည် ဆိုရှယ် မီဒီယာတွေနဲ့ ဂူဂယ်မှာ ကြော်ငြာဖို့၊ အွန်လိုင်းစတိုးဆောက်ဖို့နဲ့ google ရဲ့ လုပ်ငန်းသုံး အီးမေးလ် အထိ ဘက်စုံဝန်ဆောင်မှုများ ရယူလိုပါက ဖုန်းနံပတ် 09 449 300 900 သို့ ဆက်သွယ်နိုင်သလို ဖောင်ဖြည့်ပြီးတော့လဲ ဆွေးနွေးမေးမြန်းနိုင်ပါတယ်

Call us 24/7

09 449 300 900

    လုပ်ငန်းရှင်တွေ မေးခဲ့သောမေးခွန်းများကို

    ပိုမိုကြည့်ရှုရန်....

    Frequently Asked Questions

    လုပ်ငန်းရှင်တွေရဲ့ မေးခွန်းများ

    Digital ခေတ်ထဲကို ခြေလှမ်းစလှမ်းခဲ့ကြတဲ့ မြန်မာနက်ရဲ့ လုပ်ငန်းရှင်တွေ မေးလေ့ရှိတဲ့ အကောင်းဆုံး မေးခွန်း (၆) ခု

    ၁။ လုပ်ငန်းတွေ အွန်လိုင်းမှာ အလုပ်ဖြစ်ဖို့ ဘယ်လို ကူညီပေးလဲ?

    မြန်မာနက်အနေနဲ့ ဝဘ်ဆိုဒ်တစ်ခု ရှိရုံတင်မဟုတ်ဘဲ "မှန်ကန်တဲ့ ဝယ်သူတွေ ရောက်ရှိလာပြီး ရောင်းအားအစစ်အမှန် ဖြစ်ထွန်းလာစေဖို့" ကို အဓိကထား ဆောင်ရွက်ပေးပါတယ်။ မိုဘိုင်းခေတ်နဲ့အညီ ဖုန်းနဲ့ကြည့်ရင် မြန်ဆန်ချောမွေ့ပြီး လုပ်ငန်းရှင်ကိုယ်တိုင် စီမံခန့်ခွဲရလွယ်ကူတဲ့ CMS Website ကောင်းတွေကို ဖန်တီးပေးတဲ့အပြင်၊ Google ရှာဖွေမှုတွေမှာ သဘာဝအလျောက် (Organic Traffic) ထိပ်ဆုံးက ပါလာစေဖို့ ဝဘ်ဆိုဒ်ရဲ့ အခြေခံအုတ်မြစ် (Foundation) ကို Google စံနှုန်းတွေနဲ့အညီ One-Time SEO နည်းဗျူဟာများဖြင့် စနစ်တကျ ပြင်ဆင်ပေးပါတယ်။

    ထို့အပြင် ဝဘ်ဆိုဒ်ကို တည်ဆောက်ပြီး ပစ်ထားခြင်းမျိုးမဟုတ်ဘဲ လစဉ်ပြုပြင်ထိန်းသိမ်းမှု၊ အခပေးကြော်ငြာဝန်ဆောင်မှု (SEA) နှင့် လုပ်ငန်းတိုးတက်မှုကို ဆန်းစစ်နိုင်မည့် Analytic Reporting များကိုပါ စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးခြင်းဖြင့် သင့်လုပ်ငန်းကို အွန်လိုင်းပေါ်တွင် ရေရှည်ခိုင်မာအောင် ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။

    ၂။ Website တစ်ခု Online တက်သွားဖို့ အချိန်ဘယ်လောက်ကြာမလဲ?

    Website တစ်ခု အပြီးသတ်နိုင်ဖို့ ကြာချိန်ကတော့ ထည့်သွင်းရမယ့် အချက်အလက် ဘယ်လောက်များမလဲ၊ လုပ်ဆောင်ချက်တွေက ဘယ်လောက်အထိ အသေးစိတ်ကျမလဲ ဆိုတာရယ်၊ လိုအပ်တဲ့အချက်အလက်တွေကို ဘယ်လောက်မြန်မြန်ပေးနိုင်သလဲ ပြီးတော့ ပေးလိုက်တဲ့ design တွေကို ဆုံးဖြတ်ချက် မြန်မြန်ချပြီး အတည်ပြုနေတဲ့အပေါ် မူတည်ပါတယ်။ ပုံမှန်အားဖြင့်တော့ Website တစ်ခုကို (၈) ပတ် ကနေ (၁၀) ပတ် အတွင်း အချိန်ယူရလေ့ရှိပါတယ်။

    သို့သော်ငြားလည်း အရေးတကြီး လိုအပ်လို့ ဝဘ်ဆိုက်တစ်ခုကို သုံးရက်လောက်နဲ့ အပြီးအမြန်တည်ဆောက်ပေးခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

    ၃။ ဂူဂယ် ဖေ့ဘွတ် နဲ့ ယူကျု့ မှာ ကြော်ငြာထိုးချင်လို့ ရလား ?

    ဟုတ်ကဲ့... ရပါတယ် ဒါက ကျွန်တော်တို့ မြန်မာနက် (Myanmars Net) ရဲ့ ကျွမ်းကျင်မှုအရှိဆုံး အလုပ်တွေထဲက တစ်ခုဖြစ်လို့ လုပ်ငန်းရှင်တွေရဲ့ ကြော်ငြာတွေကို အကောင်းဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

    လုပ်ငန်းအမျိုးအစားအလိုက် လူသိများလာစေဖို့နဲ့ ဝယ်ယူသူတွေ တိုးတက်လာစေဖို့အတွက် Google, Youtube နဲ့ Facebook ရဲ့ ကြော်ငြာစနစ်တွေကို စနစ်တကျ အသုံးပြုပြီး ထိထိရောက်ရောက် ကြော်ငြာပေးနေတာ ဖြစ်ပါတယ်။ ကြော်ငြာထိုးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဘတ်ဂျက်အပေါ် မူတည်ပြီး အထိရောက်ဆုံးဖြစ်မယ့် နည်းလမ်းတွေကိုလည်း ကျွန်တော်တို့ဘက်က အခမဲ့ အကြံပြု ဆွေးနွေးပေးပါတယ်။

    ၄။ ဂူဂယ်ရဲ့ Co-sell Partner ဆိုတော့ ဈေးသက်သာမှာပေါ့ ?

    ဟုတ်ပါတယ်။ Google ရဲ့ တရားဝင် ပါတနာ (Official Google Partner) ဖြစ်တဲ့အတွက် လူကြီးမင်းတို့ လုပ်ငန်းသုံးအတွက် လိုအပ်တဲ့ Google Workspace (ယခင် G Suite) ဝန်ဆောင်မှုများဖြစ်သော Custom Domain ပါဝင်သည့် Business Email များ၊ Cloud Storage နှင့် အခြား Productivity Tools များကို အသက်သာဆုံးနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။

    Google နဲ့ တိုက်ရိုက်ချိတ်ဆက်ထားသည့် ပါတနာဖြစ်တာကြောင့် လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းသက်သာရုံသာမက မြန်မာကျပ်ငွေဖြင့် လွယ်ကူစွာ ပေးချေနိုင်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုပါ တစ်နေရာတည်းမှာ အဆင်ပြေပြေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

    ၅။ ဝဘ်ဆိုဒ်ရှိဖို့ တကယ်လိုအပ်လို့လား?

    အခုခေတ်မှာ လူတွေက အွန်လိုင်းမှာပဲ အခြေချနေကြတာပါ။ စစ်တမ်းတွေအရ ကမ္ဘာမှာ တိုးတက်တဲ့ နိုင်ငံတွေမှာ လုပ်ငန်းတွေရဲ့ ၇၁ ရာခိုင်နှုန်းက website လုပ်ထားနှင့်ပြီးဖြစ်တယ်။ အင်တာနက်သုံးသူ ၈၃ ရာခိုင်နှုန်းကျော်လောက် ကိုယ်ဝယ်မဲ့ product ဒါမှမဟုတ် business partner အသစ်ရှာတာကို အွန်လိုင်းမှာပဲအရင်ရှာလေ့ရှိတယ်။

    အင်တာနက်အသုံးပြုသူ ၉၂ ရာခိုင်နှုန်းကျော်ဟာ Social Media အကောင့်ပဲရှိတဲ့ လုပ်ငန်းတွေထက် တရားဝင် ဝက်ဘ်ဆိုက် (Official Website) ရှိတဲ့ ကုမ္ပဏီတွေကို ပိုပြီး ယုံကြည်ကြပါတယ်။ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ရှိခြင်းက လုပ်ငန်းနာမည်နဲ့ Business Email တွေကို သုံးနိုင်စေလို့ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်သလို၊ Google လို Search Engine တွေကလည်း လူကြီးမင်းတို့ လုပ်ငန်းကို ရှာတွေ့နိုင်အောင် ကူညီပေးပါတယ်။

    နောက်တစ်ခုက Social Media တွေမှာ ဖြစ်လေ့ရှိတဲ့ ကိုယ့် ထုတ်ကုန်အကြောင်း၊ ဝန်ဆောင်မှုအကြောင်းတွေကို ရေးတဲ့အချိန်မှာ အကောင့်အပိတ်ခံရတာ ဒါမှမဟုတ် မူဝါဒအပြောင်းအလဲကြောင့် အဖြုတ်ချခံရမှာတွေကို ပူစရာမလိုဘဲ ကိုယ့် ဝဘ်ဆိုဒ်မှာ ခိုင်ခိုင်မာမာ ဖော်ပြထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။

    ၆။ ဒိုမိန်းဆိုတာဘာလဲ သူက အရေးကြီးလား?

    ကုမ္ပဏီထောင်ရင် ကုမ္ပဏီနာမည်ပေးရသလိုပဲ website လုပ်ရင်လည်း website နာမည်ပေးရပါတယ်။ အဲဒီ website နာမည်ဆိုတာ ဒိုမိန်း (Domain) ပါပဲ။ မြင်သာအောင် ပြောရရင် google.com, facebook.com, telegram.org, viber.com, apple.com ဆိုတာ သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ ဒိုမိန်းနာမည်တွေပါ။

    ကိုယ်ပေးချင်တဲ့ နာမည်ကို သူများက လက်ဉီးပြီးယူသွားပြီးရင် သူရောင်းချင်တဲ့ဈေးနဲ့ ကိုယ့်ကို ပြန်ရောင်းတာ ခံရမှာပါ။ လက်မဉီးလိုက်လို့ ဈေးကြီးပေး ပြန်ဝယ်လိုက်ရတဲ့ ဒိုမိန်းအချို့ကို ပြောရရင် hotels.com ကို ဒေါ်လာ ၁၁ သန်း၊ voice.com ကို သန်း ၃၀၊ tesla.com ကို ၁၁ သန်း နဲ့ fb.com ကို ၈.၅ သန်းနဲ့ ပြန်ဝယ်ပြီး သုံးလိုက်ကြရပါတယ်။

    ဒိုမိန်းက အရေးကြီးပါတယ်။ ကိုယ်က လက်ဉီးမှုယူပြီး ဒိုမိန်းကောင်းတွေကို ဝယ်ခဲ့နိုင်ရင်တောင် သန်းကြွယ်သူဌေး ဖြစ်သွားနိုင်ပါတယ်။

    Contact Us

    မြန်မာနက်ရဲ့ ကျွမ်းကျင်တဲ့ IT ပညာရှင်များမှ အရည်အသွေးမြင့် ဝက်ဘ်ဆိုဒ် တည်ဆောက်ခြင်း (Web Development) နှင့် SEO, SEA ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဂူဂယ်၏ စံချိန်စံညွှန်းများနှင့်အညီ Google Workspace Solutions များ၊ ဂူဂယ်ကြော်ငြာ (Google Ads)၊ ဒီဂျစ်တယ်မားကတ်တင်း (Digital Marketing)၊ ပရော်ဖက်ရှင်နယ် ဒိုမိန်းမှတ်ပုံတင်ခြင်း (Professional Domain Registration)၊ ကိုယ်ပိုင် လုပ်ငန်းသုံး AI Assistant ဝန်ဆောင်မှု (Custom AI Assistant Solutions) နှင့် စိတ်ချရသော Secure Hosting ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၂၀ ကျော်ရှိ လုပ်ငန်းများ အဖွဲ့အစည်းများ အတွက် ဝန်ဆောင်မှုပေးနေပါတယ်။

    Contact Us

    Shopping Cart

    No products in the cart.